NUG ဘာလဲ ဘယ်လဲ

(ကူးယူဖော်ပြပါသည်)

ဒဲ့ပဲပြောပါမယ်။

လက်ရှိအနေအထားမှာ

Local PDF တချို့ မြို့ကိုသိမ်းမယ်၊ တပ်ရင်းကိုသိမ်းမယ်ဆိုပြီး လိုက်ပြောနေတာတွေက တကယ်အဓိပါယ်မဲ့တဲ့ စကားတွေပဲ ဖြစ်ပါတယ်။

ကရင်နီမှာလဲ ပြည်နယ်လွတ်မြောက်ရေးဆိုတဲ့ တိကျတဲ့ မူ မရှိသေးပါဘူး။

တပ်ရင်းတစ်ခု ၊ မြို့တစ်ခုကို သိမ်းယူတယ်ဆိုတဲ့ အဆင့်ဟာ မလွယ်တဲ့အနေအထားဖြစ်သလို၊
လက်ရှိတော်လှန်ရေးရဲ့ တိုးတက်မှုဟာ အဲဒီအနေအထား မရောက်သေးပါဘူး။

Local PDF တွေမှာ လက်နက်အင်အား လိုအပ်ပါသေးတယ်။ 
NUG ဟာလဲ အများကြီး Support မပေးနိုင်ပါဘူး။

EAOs တွေနဲ့ Local PDF တွေ ၊ NUG သင်တန်းဆင်း PDF တွေ စုစည်းညီညွတ်စွာ တိုက်ပွဲဖော်ဆောင်မဲ့ အနေအထား၊
လက်နက်အင်အား ဒီထက်တောင့်တင်းလာတဲ့ အနေအထား ၊ 
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်တိုင်းတွေ
အဆင်သင့်ဖြစ်တဲ့ အနေအထားကို ရောက်လာရင်သာ
ဒီလို မြို့သိမ်း၊စခန်းသိမ်း နိုင်တဲ့ အနေအထားကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

အဲတာကြောင့် လက်ရှိတော်လှန်ရေးရဲ့အနေအထားဟာ စစ်အုပ်ချုပ်ရေး ယန္တယားကြီးကို လည်ပတ်လို့မရအောင် ဖိအားပေးတဲ့ အနေအထားပဲ ရှိသေးတယ်လို့ မြင်ပါတယ်။

ဒါ့ကြောင့်
လူနေထူထပ်တဲ့ မြို့ပြမှာ မြို့ပြ ပျောက်ကြားဆင်နွှဲမယ်ဆိုရင် မြို့ပြ ပျောက်ကြားနဲ့ တူအောင်ဆင်နွှဲစေချင်တာပါ။

နိုင်ငံရေးမှာ ရိုးသားဖို့လိုသလို
တော်လှန်ရေးမှာလဲ ရိုးသားဖို့လိုပါတယ်။

မျော်လင့်ချက်အမှားတွေ မပေးနဲ့
ဒေသခံ လူထုဆန္ဒကို လစ်လျူမရှုနဲ့
ဖြစ်နိုင်ချေရှိတဲ့ အရာတွေကိုပဲ လုပ်ပြီး
ပြည်သူအထိအခိုက်နည်းမဲ့ နည်းနာကို ကျင့်သုံးကြပါ။

ရဲဘော်ငြိမ်း
Kayan Region Leftist Youths - KRLY

Photo - ထန့်တလန်မြို့မှ ဆိုင်းဘုတ် တခု 

မူရင်း - https://m.facebook.com/story.php?story_fbid=317511680186651&id=100479078556580

Comments

Popular posts from this blog

ဖမ်းဆီးခံရလျှင် ပြုဖွယ် - ဆောင်ရန် ရှောင်ရန်

နိုင်ငံစီးပွားရေးကျဆင်းလာမှုရဲ့ သက်သေသာဓကတခု

ရခိုင်ပြည်နယ်၊ နိုဝင်ဘာ ၂၀၂၁