အရေးကြီးသော ဖတ်သင့်သော နိုင်ငံရေးမှတ်စုတစောင်
ကျွန်တော်တို့ Area-21 Revolution Network သည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးတွင် အသက်ပေးတိုက်ပွဲဝင်နေကြသော မြန်မာပြည် တစ်ဝှန်း အလွှာအသီးသီးမှ ပါဝင်ဆောင်ရွက်နေကြသော တော်လှန်ရေး အဖွဲ့အစည်းများအတွက် လိုအပ်သော စားနက်ရိက္ခာနှင့် လက်နက်ကိရိယာများ ထောက်ပံ့နိုင်ရေး၊ စစ်ရေးအသိပညာများ မျှဝေဖလှယ် နိုင်ရေးနှင့် မဟာဗျုဟာမြောက် တော်လှန်ရေးဖြစ်မြောက် အကောင်ထည်ဖော်နိုင်ရန် ဖွဲ့စည်းတည်ထောင်ခဲ့သော မဟာမိတ် အင်အားစုတစ်ခုဖြစ်ပါတယ်။ Area-21 Revolution Network မှ မဟာမိတ်တော်လှန်ရေး မြေပြင်အဖွဲ့အစည်းနဲ့ပတ်သတ်ပြီး တော်လှန်ရေး လုပ်ဆောင်မှုများနှင့်ပတ်သတ်ပြီး သဘောထားမူဝါဒ ၁၀ ချက်ရှိပါတယ်။
၁။ စစ်အာဏာရှင် စနစ်ကို အပြီးပြတ် အောင်နိုင်သည်အထိ တိုက်ပွဲ ဝင်သွားကြမည်။
၂။ တော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရန်အတွက် ရည်ရွယ်ချက်တူသော အဖွဲ့အစည်းများ နှင့် လက်တွဲ ဆောင်ရွက်သွားကြမည်။
၃။ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းကို အကြောင်းပြု၍ နိုင်ငံရေး ဩဇာ ထူထောင်ခြင်း လုံးဝ မရှိစေရန် အထူး ဂရုပြု ဆောင်ရွက်သွားကြမည်။
၄။ ရန်ပုံငွေ ရှာဖွေခြင်း၊ စစ်ရေး အသုံးစရိတ် နှင့် အခြားလိုအပ်သေ အထောက်အပံ့များအား တောင်းခံခြင်းနှင့် သတင်းထုတ်ပြန်ခြင်းများကို Area-21 Management Team ၏ သတ်မှတ်ချက် စည်းမျဉ်းများနှင့်အညီ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားကြမည်။
၅။ ရန်ပုံငွေ၊ လက်နက်၊ ရိက္ခာ၊ ဆေးဝါး၊ စစ်ပညာနှင့် ထောက်လှမ်းရေးဆိုင်ရာ အချက်အလက်များကို ကွန်ယက်အတွင်း သတ်မှတ်ချက် စည်းမျဉ်းများနှင့် အညီ မျှဝေ သုံးစွဲသွားကြမည်။
၆။ Area-21 အတွင်း ဖွဲ့စည်းထားသော Departments များအလိုက် လုပ်ငန်းရပ်များကို ပူးပေါင်း ဆောင်ရွက်ပေးသွားကြမည်။
၇။ D Day ခေါ်သည့်အခါတွင် PDF, EAOs, ပြည်သူ့စစ် အဖွဲ့များနှင့်အတူ ညှိနှိုင်းတိုင်ပင်၍ သက်ဆိုင်ရာ စစ်ဒေသများအလိုက် ပူးပေါင်း တိုက်ပွဲဝင်သွားကြမည်။
၈။ စစ်ရေး လှုပ်ရှားမှုအားလုံးတွင် ဂျနီဗာကွန်ဗန်းရှင်းကို လိုက်နာပြီး၊ ဓာတုဇီဝ လက်နက်များ အသုံးမပြုကြရန် နှင့် အဖွဲ့အစည်းအားလုံးမှ လက်နက် ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းများ ကို တိကျစွာ လိုက်နာသွားကြမည်။
၉။ UG ဖောက်ခွဲရေးများနှင့် စစ်အာဏာရှင် ဒေါက်တိုင်များ ရှင်းလင်းရေး လုပ်ဆောင်ရာတွင် ပြည်သူများ မထိခိုက်စေရန် နှင့် မှားယွင်းမှုများ မဖြစ်စေရန် အထူးဂရုပြု ဆောင်ရွက်သွားကြမည်။
၁၀။ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကို တည်ထောင်ပြီးသည်နှင့် တရားဝင် အစိုးရ၏ ညွှန်ကြားချက် စည်းမျဉ်းများနှင့် အညီ လက်နက်များကို သက်ဆိုင်ရာသို့ ပြန်လည်အပ်နှံသွားကြမည်။
#AREA_21
#revolutionnetwork
#စစ်အာဏာရှင်စနစ်မုချကျဆုံးစေရမည်
မူရင်း -
https://m.facebook.com/story.php?story_fbid=183414313980159&id=109767081344883
Comments
Post a Comment