ပျောက်ကြားရဲဘော်များသတိပြုရန်

ဖက်ဆစ်စစ်တပ်မှ မြို့ပြပျောက်ကြားများကို ဖမ်းဆီးသည့် နည်းလမ်းများ

(၁) ဒလန်သတင်းပေးမှတဆင့် ဖမ်းဆီးခြင်း 

ဒလန်အများစုသည် 
 ⁃ ရပ်ကွက်အတွင်း မူလနေထိုင်သူမဟုတ်သည့် သူများ(လူစိမ်း)ကို 
စောင့်ကြည့်ကာသတင်းပေးလေ့ရှိသည်။
အထူးသဖြင့် လူငယ်များစုဝေးနေထိုင်သော အိမ်များကို သတင်းပေးလေ့ရှိသည်။
 ⁃ မူလနေထိုင်သူများအနက် ကိုယ်နေထိုင်ရာ အရပ်ဒေသမှ ကာလရှည် ပျောက်နေ သည့်သူများကိုသတင်းပေးလေ့ရှိသည်။
 ⁃ ဖမ်းဝရမ်းထုတ်ခံရသူများ၊ ဖမ်းဆီးရန်ပစ်မှတ်ထားခံရသူများ၏ နေအိမ်များကို စောင့်ကြည့်လေ့ရှိသည်။

အကြံပြုချက် 

 ⁃ ကိုယ်နေထိုင်မည့် ပတ်ဝန်းကျင်အကြောင်းကို ကြိုတင်ကာ လေ့လာထားသင့်သည်။
 ⁃ အုပ်စုဖွဲ့ စုဝေးနေထိုင်ခြင်းများကို ရှောင်ကြဉ်သင့်သည်။
 ⁃ အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ ကိုယ်နေထိုင်ရာ ရပ်ကွက်အတွင်း ပြန်လည်     မနေထိုင်သင့်။
 ⁃ နေထိုင်ရာပတ်ဝန်းကျင်ရှိ သာမန်အရပ်သားဒေသခံများ နှင့်မခြား ဝတ်စားနေထိုင်ပြောဆိုသင့်သည်။ 

(၂) ဖုန်းမှ တဆင့် ဖမ်းဆီးခြင်း

 ⁃ အများစုမှာ လမ်းခရီးတွင် ဖမ်းဆီးခံရလေ့ရှိသည်။ ဧည့်စာရင်းစစ်ရာမှ ဖုန်းအသိမ်းခံရကာ အဖမ်းခံရသူများလည်းရှိသည်။ မှတ်တမ်းဓာတ်ပုံများ၊ အပြန်အလှန်ပေးပို့ထားသော စာများ၊ ဆိုရှယ်မီဒီယာတွင် တင်ထားသော ပို့စ်များကြောင့်   ဖမ်းဆီးခံရလေ့ရှိသည်။
 ⁃ ဖုန်းလိုင်းကို ကြားဖြတ်နားထောင်ကာ ဖမ်းဆီးမှုများ ရှိနိုင်သည်။
 ⁃ အဖမ်းခံရသူများကို ဖုန်းဆက်ချိန်းခိုင်းကာ အယောင်ဆောင် ဖမ်းဆီးလေ့ရှိသည်။

အကြံပြုချက် 
 ⁃ မြို့ပြပျောက်ကြားများအနေဖြင့် ဖုန်းထဲတွင် မှတ်တမ်းဓာတ်ပုံများ၊ စစ်အာဏာဆန့်ကျင့်သည့် ဓာတ်ပုံများကို (လုံးဝ)မထားသင့်။ မဖြစ်မနေ သိမ်းဆည်းထားရန်လိုအပ်ပါက နည်းပညာအကူအညီရယူ၍ လျှို့ဝှက်နည်းစနစ်များဖြင့်သိမ်းဆည်းထားသင့်သည်။
⁃ ကိုယ့်အမည်ဖြင့် မှတ်ပုံတင်ထားသော ဖုန်းနံပါတ်များကို အသုံးမပြုသင့်။
 ⁃ တဖက်လူ Offline ဖြစ်နေချိန်တွင် Messages ပို့ခြင်းများကို ရှောင်ကြဉ်သင့်သည်။ အွန်လိုင်းပြောဆိုချိန်တွင်လည်း  မိမိလူဟုတ်မဟုတ် သေချာစွာစစ်ဆေးပြီးမှ ပြောဆိုသင့်သည်။ အပြန်အလှန်ပြောဆိုသည့် Messages များကို ပြောဆိုပြီးပါက ၂ ဖက်စလုံး ချက်ချင်း        ပြန်ဖျက်သင့်သည်။ Screenshot ရိုက်ခြင်း လုံးဝမလုပ်ဆောင်သင့်။ 
 ⁃ အရေးကြီးကိစ္စများကို အော်ပရေတာ ဖုန်းလိုင်းမှ မပြောဆိုသင့်၊ Encrypted application များမှတဆင့် ပြောဆိုသင့်သည်။ Online encrypted များသာမက Offline SMS ပို့ရာတွင်လည်း Encrypted application များရှိပါသည်။

(၃) ဧည့်စာရင်းမှတဆင့် ဖမ်းဆီးခြင်း

 ⁃ အများနည်းတူ ဧည့်စာရင်းစစ်ရာမှ ဖမ်းဆီးခံရသူများသည် ပြန်လည်လွတ်မြောက်လေ့ရှိသည်။သို့သော် အတူတူနေထိုင်သူများ၏  သံသယဖြစ်ဖွယ် မတူညီသည့် ထွက်ဆိုချက်များကြောင့် ပြန်လည်မလွတ်မြောက်ဘဲ စစ်ကြောရေးဝင်ရကာ       ဖမ်းဆီးခံရသူများရှိသည်။
 ⁃ လက်နက်ခဲယမ်းများကို နေထိုင်သည့် အိမ်အတွင်း သိမ်းဆည်းထားခြင်းကြောင့် လည်း အဖမ်းဆီးခံရနိုင်သည်။

အကြံပြုချက် 
 ⁃ အတူတူနေထိုင်သူများသည် ခိုင်လုံသော အကြောင်းပြချက်ကို တထပ်တည်း ပေး  နိုင်ရမည်။
 ⁃ လက်နက်ခဲယမ်းများကို  လုံခြုံစိတ်ချရသော နေရာတွင် သိမ်းဆည်းထားသင့်သည်။

(၄) CCTV မှ တဆင့် ဖမ်းဆီးခြင်း 

 ⁃ CCTV များသည် သက်မဲ့ဒလန်များဖြစ်သည်။ စကစမှ လိုက်လံတပ်ဆင်ထားသော CCTV များသာမက သာမန်အရပ်သားများတပ်ဆင်ထားသည့် CCTV များသည်လည်း မြို့ပြပျောက်ကြားများကို ဒုက္ခပေးနိုင်သည်။

အကြံပြုချက် 
 ⁃ မြို့ပြပျောက်ကြား စစ်ဆင်ရေးလုပ်ဆောင်မည့် နယ်မြေအားလုံးရှိ စကစ တပ်ဆင်ထားသော CCTV များ၏ တည်နေရာအပါအဝင် သာမန်အရပ်သားများတပ်ဆင်ထားသည့် CCTV များကို ကြိုတင်ထောက်လှမ်းထားရမည်။
 ⁃ သာမန်အရပ်သားများအနေဖြင့် မလိုအပ်ပါက CCTV များကို ဖြုတ်ထား/ပိတ်ထားသင့်သည်။

(၅) မိသားစုဝင်များကို ပြန်ပေးဆွဲကာ ဖမ်းဆီးခြင်း
 ⁃ ဖမ်းဝရမ်းထုတ်ခံရသူများ၊ ဖမ်းဆီးရန် ပစ်မှတ်ထားခံရသူများ၏ မိသားစုဝင်များကို ပြန်ပေးဆွဲကာ လူစားထိုး ဖမ်းဆီးလေ့ရှိသည်။

အကြံပြုချက် 
 ⁃ ကိုယ့်မိသားစုဝင်၊ဆွေမျိုးများ၏ နေရပ်လိပ်စာကို ဖုံးကွယ်ထားရန်နှင့် မှတ်ပုံတင်ကဲ့သို့ ကိုယ်ရေးအချက်အလက်များကို လုံခြုံရေးစည်းထားရန် လိုအပ်သည်။

(၆) ဖမ်းဆီးခံရသည့် ရဲဘော်များမှတဆင့် ခြေရာခံ ဖမ်းဆီးခြင်း

 ⁃ မြို့ပြပျောက်ကြား ရဲဘော်အများစု အဖမ်းခံရသည့် အချက်ဖြစ်သည်။

အကြံပြုချက်
 ⁃ အမည်ရင်း ၊ နေထိုင်သည့် နေရပ်လိပ်စာများကို  မလိုအပ်ပါက ကိုယ့်ရဲဘော်အချင်းချင်းပင် မပြောသင့်။
 
 ⁃ အဖမ်းခံရနိုင်သည့် အလားအလာရှိပါက ကျန်ရှိသည့် ကိုယ့်ရဲဘော်များကို အရေးပေါ် အသိပေးနိုင်မည့် နည်းလမ်းများကို ပြင်ဆင်ထားသင့်သည်။
 ⁃ အရေးပေါ် ရှောင်တိမ်းနိုင်မည့် နေရာများကိုလည်း ကြိုတင်ပြင်ဆင်ထားသင့်သည်။

အခြား ဖမ်းဆီးခံရသည့် နည်းလမ်းများကို မျှဝေလိုပါက Page ရဲ့ message box မှတဆင့် အကောင့်တုများ သုံးကာ မျှဝေပေးစေလိုပါသည်။

#JusticeWarriorsMyanmar

မူရင်း - 
https://www.facebook.com/109101791334779/posts/189626189949005/

Comments

Popular posts from this blog

ဖမ်းဆီးခံရလျှင် ပြုဖွယ် - ဆောင်ရန် ရှောင်ရန်

နိုင်ငံစီးပွားရေးကျဆင်းလာမှုရဲ့ သက်သေသာဓကတခု

ရခိုင်ပြည်နယ်၊ နိုဝင်ဘာ ၂၀၂၁