တော်လှန်ရေးနှင့် ရေပေါ်ဆီ စိတ်ဓာတ်
တော်လှန်ရေးနှင့်ရေပေါ်ဆီစိတ်ဓာတ်
_________________
_________________
-ရဲဘော်ဖိုးချစ်ရေးသားသည်။
ကျွန်တော်တို့ ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းလိုက်သည်မှစ၍ ယခုဆိုလျှင် ရှစ်လပြည့်ခဲ့ပါပြီ။ကာလကြာလာတာနှင့်အမျှ တော်လှန်ရေးအသွင်ဟာ အကြမ်းမဖက်ဆန္ဒပြမှုကနေ လက်နက်ကိုင်တော်လှန်ရေးသို့ ကူးပြောင်းလာခဲ့သလို လူတွေရဲ့တော်လှန်ရေးစိတ်ဓာတ်တွေဟာလည်းပြောင်းလဲလို့လာခဲ့ပါပြီ။
အောက်ဖော်ပြပါအကြောင်းအရာများကိုဖတ်ရှုခြင်းဖြင့်ရေပေါ်ဆီစိတ်ဓာတ်ရဲ့သဘောကိုနားလည်နိုင်ပါတယ်။
-ရေပေါ်ဆီစိတ်ဓာတ်ဆိုတာဘာလဲ။
-ရေပေါ်ဆီစိတ်ဓာတ်ဆိုတာဟာ တစ်နိုင်ငံလုံးဘေးဒုက္ခရောက်နေချိန်မှာတောင် ကိုယ်နဲ့မဆိုင်သလိုမျက်ကွယ်ပြုနိုင်တဲ့စိတ်ဓာတ်၊ ကိုယ်အရိပ်ရနေချိန်မှာ သူများနေပူတာကိုနားလည်မပေးနိုင်တဲ့စိတ်ဓာတ်၊ တစ်ကိုယ်ကောင်းဆန် အတ္တကြီးတဲ့စိတ်ဓာတ်မျိုးဖြစ်ပါတယ်။
ဘယ်လိုလူတွေမှာရေပေါ်ဆီစိတ်ဓာတ်မျိုးရှိနိုင်လဲ -
အဲ့စိတ်ဓာတ်ဟာ ကိုယ့်ရဲ့ခံယူချက်အပေါ်မှာမူတည်လို့လူတန်းစားအသီးသီးမှာရှိနိုင်ပါတယ်။ ငွေရှင်ကြေးရှင်တွေဟာ ငွေကြေးတတ်နိုင်လို့ ဒုက္ခတွေကို ဖျောက်ပစ်နိုင်တဲ့အတွက် ဓနရှင်တွေအသိုင်းအဝိုင်းမှာရေပေါ်ဆီပိုများနိုင်ပါတယ်။
ရေပေါ်ဆီတွေဟာ တော်လှန်ရေးကိုဘယ်လိုဒုက္ခပေးနိုင်လဲ -
တချို့လူငယ်တွေဟာတောထဲ တောင်ထဲမှာ အစားအသောက်ဆင်းဆင်းရဲရဲနဲ့နိုင်ငံအတွက်တော်လှန်နေကြချိန်မှာ တချို့ကတော့ စစ်အာဏာရှင်ဖဝါးအောက် နေသားကျလို့သွားခဲ့ကြပါပြီ၊ သွေးအေးသွားခဲ့ကြပါပြီ။သူတို့တွေဟာ Mytel Sim cardတွေ Rubyစီးကရက်တွေ Myanmar beerတွေကိုဝယ်ယူသုံးစွဲကြပါတယ်။ အဲ့အရာတွေသည် အကြမ်းဖက်စစ်ကောင်စီရဲ့ကျည်ဆန်အဖြစ်ပြောင်းသွားတာမို့ PDFတွေ,EAOsတွေအတွက်အိပ်မက်ဆိုးပါပဲ။ ဒါကြောင့် တပ်ပိုင်ပစ္စည်းတွေကို boycottရပါမယ် တကယ်လို့သိသိကြီးနဲ့ဆက်သုံးနေတယ်ဆိုရင်တော့ အဲ့လူဟာ ရေပေါ်ဆီဖြစ်ပါတယ်။
နောက်တစ်မျိုးကို မသွားခင်မှာ စစ်ကောင်စီကိုဖြုတ်ချဖို့ လိုအပ်တဲ့ ထောက်တိုင်တွေကိုအနည်းငယ်ပြောပြချင်ပါတယ်။ နိုင်ငံရေးထောက်တိုင်၊ စီးပွားရေးထောက်တိုင်၊
စစ်ရေးထောက်တိုင်ပါ။
(၁)နိုင်ငံရေးထောက်တိုင်အနေနဲ့ febလကစလို့ ဆန္ဒပြပွဲတွေ တောက်လျှောက်ပြလာတာ နိုင်ငံတကာကပါသိသွားတဲ့အထိ အောင်မြင်တဲ့အတွက် နိုင်ငံရေးထောက်တိုင်ကိုဖြုတ်ချနိုင်တယ်လို့ဆိုနိုင်ပါတယ်။ သို့သော်လည်း အကြမ်းဖက်စစ်ကောင်စီဟာ မြို့ပေါ်မှာဆန္ဒပြမှုတွေမရှိရင် တောထဲကရဲဘော်တွေကို ပိုဖိနှိပ်ပါလိမ့်မယ် ဒါကြောင့် မြို့ပေါ်ကလူတွေအနေနဲ့ ဆက်လက်တော်လှန်ဆန္ဒပြနေကြရအုံးမှာဖြစ်ပါတယ်။
(၂)စစ်ကောင်စီရဲ့စီးပွားရေးထောက်တိုင်ကိုဖြုတ်ချနိုင်ဖို့ဆို အစိုးရဝန်ထမ်းတွေရဲ့အမိန့်မနာခံခြင်းလှုပ်ရှားမှု(CDM)နဲ့ စစ်တပ်ပိုင်ပစ္စည်းတွေကိုသပိတ်မှောက်ခြင်း (Boycott)ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ ဝန်ထမ်းတွေဟာ သူတို့ရဲ့လစာ ရာထူး အိုးအိမ်တွေကိုပါစွန့်ပြီးတိုက်ပွဲဝင်ထားကြတဲ့အတွက် CDMဟာလည်းအောင်မြင်တယ်ဆိုနိုင်ပါတယ်။ ဘယ်လောက်ပဲ CDM အောင်မြင်နေပါစေ
ပြည်သူတွေအနေနဲ့ တပ်ပိုင်ပစ္စည်းသုံးစွဲနေတာနှင့်အမျှ စစ်တပ်ကိုကျည်ဖိုးရှာပေးသလိုဖြစ်ပြီး မီးစတစ်ဘက် ရေမှုတ်တစ်ဘက်ဖြစ်နေမှာ မလွဲဧကန်ပါပဲဗျာ။ အဲ့တော့ကျွန်တော်တို့ စစ်တပ်ပိုင်တွေကို boycottလုပ်ကိုလုပ်ရပါမယ်။
(၃)စစ်ရေးထောက်တိုင်ကိုဖြုတ်နိုင်ဖို့ရာ ခုလက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ PDFလူငယ်တွေကို ငွေကြေးအင်အား၊လူအင်အား ထောက်ပံ့ပေးနိုင်ဖို့လိုပါတယ်။ များများထောက်ပံ့နိုင်လေ တော်လှန်ရေးကိုမြန်မြန်အဆုံးသတ်နိုင်လေပါပဲ။ ပြည်သူတွေရဲ့တပ်ဦးဖြစ်တဲ့ NUGဟာ ထောက်ပံ့ပေးနိုင်မှု၊ မြေပြင်ကလူတွေနဲ့ချိတ်ဆက်ပေးနိုင်မှု အားနည်းပါတယ် ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တိုက်ပွဲဝင်လူငယ်တွေကိုထောက်ပံ့သလို၊ ပြည်သူ့တပ်ဦးကို လမ်းမှန်ပေါ်ရောက်အောင်တွန်းပို့ပေးဖို့လည်းလိုပါတယ်။
အဲ့လိုသာဆိုရင် စစ်ကောင်စီရဲ့စစ်ရေးထောက်တိုင်ကိုဖြုတ်ချနိုင်ဖို့ ပိုလွယ်ကူပါလိမ့်မယ်။
ခုရေပေါ်ဆီနောက်တစ်မျိုးကိုပြန်သွားပါမယ်။boycottလည်းလုပ်၊ လှူလည်းလှူသော်ငြားလည်း ကိုယ်လောက်လှူနိုင်မှ ဝေဖန်ပါဆိုပြီးလေကျယ်နေတဲ့သူတွေရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ၇၅ရာခိုင်နှုန်းဟာ အခြေခံလူတန်းစားတွေပါ၊ ဒါကြောင့် ကိုယ်လှူတဲ့ပမာဏနဲ့ သူများတကာကိုလိုက်ယှဉ်နေခြင်းဟာ ရေပေါ်ဆီတို့ရဲ့စရိုက်တစ်မျိုးပဲဖြစ်ပါတယ်။ ငွေအင်အားလည်းအရေးကြီးသလို တော်လှန်ရေးစိတ်ဓာတ်သည်လည်းပဓာနကျတာမို့ အဲ့လိုနှိုင်းယှဉ်ပြောဆိုခြင်းသည်လုံးဝမသင့်ပါ။ ဒါ့အပြင် ကိုယ်ဟာငွေကြေးတတ်နိုင်သူဆိုပြီး ပစ္စည်းတွေကိုသိမ်းကြုံးဝယ်ယူလိုက်တဲ့အခါမှာ၊ တစ်ဘက်မှာ ဈေးတွေမတန်တဆတက်သွားတတ်ပါတယ်(ဥပမာ ယခုဆိုလျှင်ပဲ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာ အင်မတန်ဈေးများပြီး ဝယ်ရခက်တဲ့အနေအထားကိုရောကနေပါတယ်။တောထဲကရဲမေတို့ဆိုလျှင်သုံးစရာပြတ်လပ်လို့ အဝတ်စုတ်တွေနဲ့သုံးနေရတာတွေရှိပါတယ် အဲ့လိုမျိုးPanic buyingဟာလည်းရေပေါ်ဆီတို့ရဲ့သွေးကြောင်မှုတစ်ရပ်ပါပဲ ဒါကြောင့် စွတ်မဝယ်ကြဖို့မေတ္တာရပ်ခံပါတယ်)။ နောက်တစ်ခုကတော့ ပေါ်ပင်လိုက်တာပါ။ ကျွန်တော်တို့ internetပေါ်မှာ တစ်ခုခု trendဖြစ်လာတဲ့အခါ လူအများစုဟာ ပေါ်ပင်လိုက်ပြီးကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ surprise giftပေးလေ့ရှိကြပါတယ်။ မလိုအပ်ရင်မပေးကြပါနဲ့ တော်လှန်ရေးကိုပိုအားထည့်ကြပါ အရေးတော်ပုံအောင်ရင် ဒီထက်ကောင်းတဲ့နိုင်ငံခြားပစ္စည်းတွေဝင်လာမှာပါ အဲ့အချိန်ကျ စိတ်ကြိုက်ပေးနိုင်ပါတယ်။
နောက်ဆုံးရေပေါ်ဆီတို့ကတော့ လုံးဝလှူလည်းမလှူ သူများလုပ်နေတာကိုလည်းအပြစ်ပြောတဲ့အပြင် ကိုယ်တိုင်က နိုင်ငံခြားသွားဖို့ passportလုပ်နေကြသူတွေပါ။ ကိုယ့်နိုင်ငံဒုက္ခတွင်းထဲကျနေတာကိုပစ်ပြီး တိုင်းတစ်ပါးကိုထွက်ခွာသွားကြသူတွေပါ သူတို့လုပ်တဲ့ passportတွေကလည်းစစ်ကောင်စီရဲ့ ဝင်ငွေတွေပါပဲ ဒါကြောင့် တော်လှန်ရေးမပြီးခင်မှာ နိုင်ငံခြားကိုမသွားကြဖို့ တတ်နိုင်သလောက်တိုက်တွန်းရပါမယ်။ နောက်ဆုံးပြောရလျှင် ရေပေါ်ဆီတို့ဟာ ကိုယ့်တိုင်းပြည်ရေနစ်တာကို ဝါးကူထိုးတဲ့လူမျိုးတွေ၊ သူများတွေဝမ်းနည်းနေချိန်မှာ ပျော်ရွှင်သာယာနေနိုင်တဲ့ကိုယ်ချင်းစာတရားကင်းမဲ့သူတွေပါ။ ပတ်ဝန်းကျင်မှာ အဲ့လိုအပြုအမူတွေတွေ့မိရင် အတတ်နိုင်ဆုံး မပြုလုပ်မိအောင် သတိပေးနေထိုင်ကြပါ။ရေပေါ်ဆီမရှိတဲ့ တော်လှန်ရေးဟာ အများကြီးပိုခရီးတွင်လာမှာ မြေကြီးလက်ခတ်မလွဲပါပဲ။
#ပြည့်သူ့အရေးတော်ပုံမုချအောင်မြင်ရမည်။
#ကိုယ်ပါဝင်နိုင်တဲ့ကဏ္ဍကနေစစ်အာဏာရှင်ကိုတိုက်ထုတ်ကြပါစို့။
မူရင်း -
https://www.facebook.com/174210971358840/posts/204579741655296/
Comments
Post a Comment