ရေဒီယိုဖမ်းနည်း

[ Radio ဖမ်းနည်း ]

NUG Radio ဖမ်းနည်းကို ဥပမာအနေနနဲ့ ပြောပြပေးပါမယ်။ NUG Radio က 17.71 MHz လှိုင်းတို မီတာ ၁၆ ကနေ ထုက်လွှင့်နေပါတယ်။

ရေဒီယိုမှာ FM / AM (SW MW ) ဆိုတာရှိပါတယ်။ အလွယ်မှတ်ရရင် FM က ပြည်တွင်းက Mandalay FM တို့လိုလိုင်းတွေပါ။ အခု NUG က SW ကနေ လွှင့်မှာမို့ FM ပဲပါတဲ့ Radio တွေက ဖမ်းမရပါဘူး။ အဲ့တော့ SW/MW ပါတဲ့ 10 band radio ဝယ်မှ ဖမ်းလို့ရပါမယ်။

​ဝယ်ပြီးတဲ့အခါ နံပါတ်တွေကို ကြည့်လိုက်ပါ။ ဘေးဖက်မှာ 13M 16M စသဖြင့်ရေးထားတာတွေရှိပါတယ်။ 16Mနဲ့ ဘေးကပ်ရပ် တန်းတန်းမှာ ကြည့်လိုက်ရင် 17.10 ကနေ စတဲ့ အတန်းရှိတယ်။ ထိုအတန်းက SW ဘယ်လောက်မှာရှိလဲ ကြည့်ပါ။ SW ဘယ်လောက်မှာရှိတယ် ရေဒီယို တစ်လုံးနဲ့တစ်လုံးတော့ မတူပါဘူး။ SW 7 မှာရှိတယ်ဆိုရင် အောက်က 1 2 3 4 ပြောင်းရတဲ့ ခလုတ်‌ကို ရွေ့ပြီး 7 မှာထား‌ပေးရပါတယ်။ အဲ့ဒီလိုချိန်ညှိပီးသွားတဲ့အခါ ရေဒီယိုလိုင်းရှာတဲ့ခလုတ်ဝိုင်း‌လေးကို လှည့်ပြီး 17.71 နဲ့အနီးဆုံးဖြစ်တဲ့ နေရာကနေ ဖြည်းဖြည်းချင်းလှည့်ပြီးရှာတဲ့ အခါ အသံလှိုင်းတွေကို ဖမ်းယူရရှိနိုင်ပါပြီ။ နားသောတဆင်နိုင်ပါတယ်။ 

ရေဒီယိုဝယ်ယူတဲ့အခါ SW/MW စသဖြင့် ပါဝင်တဲ့ 10Band Radio တွေသာ သတိပြုပြီး ဝယ်ယူကြပါ။ ပုံမှန်ဈေးထက် မြင့်မားစွာ တင်ထားတဲ့ ရေဒီယိုတွေကို မဝယ်ယူခြင်းဖြင့် 
ဝိသမလောဘသားတွေကို ထိန်းချုပ်ခြင်းကို တဖက်တလမ်းက ပါဝင်ကူညီပေးကြပါ။ 

#newsletter #revolution 
#whathappeninginmyanmar

Comments

Popular posts from this blog

ဖမ်းဆီးခံရလျှင် ပြုဖွယ် - ဆောင်ရန် ရှောင်ရန်

နိုင်ငံစီးပွားရေးကျဆင်းလာမှုရဲ့ သက်သေသာဓကတခု

ရခိုင်ပြည်နယ်၊ နိုဝင်ဘာ ၂၀၂၁