စစ်ကောင်စီရဲ့ လှည့်ကွက်များ - ၁

မကွေးမှာ ဆိုင်ကယ်စီးရင်
တစ်ဦးတည်းစီးဖို့ စကစ က ဖိအားပေးတယ်။

မနေ့က ဘိုကလေးမှာ
mask တပ်ရင် ဒဏ်ငွေရိုက်တယ်။

တနေ့က ပုသိမ်မှာ
ဖုန်းမပါရရင် ဒဏ်ငွေရိုက်တယ်။

မန်းလေးမှာ ကီးပတ်(key pad)ဖုန်းကိုင်ရင်
ဖမ်းတယ်။ mask အနီတပ်ရင် စစ်တယ်။

မအူပင်မှာလည်း
ဖိနပ်မစီးရင် ဒဏ်ငွေရိုက်တာမျိုး
စက်ဘီးမှာ ဘဲလ်မပါရင်ဖမ်းတာမျိုး
ဒါတွေဖြစ်တယ်။

ဒီသတင်းတွေက တချို့အကြောင်းတွေ
ကောင်းကောင်းသိပေမယ့်
သတင်းအဖြစ်မရေးဘူး။ ဘာလို့လဲဆိုရင်
ဒီကောင်တွေက သောက်ဒုက္ခပေးနေတာ သပ်သပ်ပဲ။

လူတွေသောက်လုပ်ရှုပ်ရင် သူတို့အတွက်
လုပ်ရကိုင်ရလွယ်လေပဲ။ ဒါကို ဝါဒဖြန့်ပေးတာမျိုးဖြစ်မှာစိုးလို့
မရေးဘူး။ 

စကစ တပ်မှာလည်း ဒီနည်း ကျင့်သုံးတာပဲ။
ဖက်ဒိတ် လုပ်ခိုင်းတယ်။ ဓမ္မစကြာလုပ်ခိုင်းတယ်။
ပြိုင်ခိုင်းတယ်။ စသဖြင့် သောက်ဒုက္ခတွေပေးပြီး
ဒီအပေါ်ပဲအာရုံစိုက်အောင် လုပ်တာမ​ျိုး။

ဒီကောင်တွေက ဒါကို လုပ်နေကြတာ အရိုးစွဲတော့
နောကြေနေပြီ။ ဒါတွေထဲ လိုက်မမျောဖို့ပဲလိုတယ်။

ကျတော်ဆိုလိုတာက စကစ ဟာ
ပြည်သူတွေကို ဒုက္ခရောက်အောင် တမင်ရည်ရွယ်ချက်ရှိရှိ
အဓိပ္ပါယ်မဲ့ ဥပဒေမဲ့တွေ လုပ်နေတာသာဖြစ်တယ်။
ဒီအပေါ်မှာ မသာယာဘဲ ဘုံရည်မှန်းချက်ကိုသာ
တစိုက်မတ်မတ် ဦးတည်ဖို့ ဆိုလိုတာပါ။

မူရင်းရေးသူ

Comments

Popular posts from this blog

ဖမ်းဆီးခံရလျှင် ပြုဖွယ် - ဆောင်ရန် ရှောင်ရန်

ရခိုင်ပြည်နယ်၊ နိုဝင်ဘာ ၂၀၂၁

အရေးကြီးသော ဖတ်သင့်သော နိုင်ငံရေးမှတ်စုတစောင်