အသက်မွေးဝမ်းကြောင်းပညာရေး
မြန်မာပြည်က ကလေးတွေနဲ့ ဝေးနေသလိုဖြစ်နေတဲ့
Vocational Training သို့မဟုတ်
Survival skill
အဲ့လို
စကားလုံးကြီးကြီးတွေနဲချရေးရင်တွန့်သွားတတ်တယ်
မတွန့်သွားပါနဲ့ သက် မွေး ပညာကိုပြောတာပါ
နိုင်ငံတကာမှ သက် ေမွးေကျာင်းတွေရှိတယ်
မြန်မာပြည်မှာလည်း ရှိခဲ့တယ် တိုးပွားလာဖို့ကြံနေတယ်
အဲ့ကနေမှ ပေါင်းကူး
ပေါင်းကူးမှသည် ကျွမ်းကျင် Skill Worker ဆီသို့
Master Plan ကြီးကို အမေစုဆွဲထားတယ်။
စမလို့လုပ်နေပြီ မစလိုက်ရဘူး
ထားပါ ေလာ်ဘီလို့သမုတ်မှာကြောင့်
ဒီအချက်ကိုထားခဲ့မယ်
နိုင်ငံတကာမှာ Trade Scool တွေရှိတယ်
ကျောင်းကိုအကြောင်းအမျိုးမျိုးကြောင့်ရပ်တန့်လိုက်ရတဲ့ကလေးတွေအတွက် သက် မွေးဆိုင်ရာပညာရပ်ကျောင်းတွေ အဲ့ကနေ Certificate ရ Certificate ရတာနဲ့ အလုပ်သင် အလုပ်လုပ်နေတုန်း နှစ်အလိုက် စာတွေ့ လပိုင်းပြေးတက်စာမေးပွဲဖြေ
ဒီကလေးရဲ့ဘဝကိုဆွဲတင်သွားတာ
ဒီခေတ်ကြီးမှာကွာ Utube လောက်ရှိတာနဲ့
ပညာသင် လို့ရတာကွာ မကြိုးစားကြဘူး လို့ မပြောသင့်ဘူး
အမှန်တရားဆိုပေမယ့်
အချို့နေရာက ကလေးတွေအတွက်
သိမ်ငယ်သွားနိုင်တယ်
သူတို့တစ်ကယ်မတတ်နိုင်ဘူး
မကြိုးစားတာမဟုတ်ဘူး
အခွင့်အလမ်းကိုနည်းပါးနေတာ
အဲ့တာကိုဟိုးအမြင့်ကြီးရောက်နေတယ်လို့ထင်တဲ့သူတွေက တော့သိမှာမဟုတ်ဘူး
တစ်ခါက ကိုဗစ်တွေဖြစ်ကြတော့
ပညာရေးဝန်ကြီးဟာရွှေဉာဏ်တော်စူးရောက်ပြီး
online Learning ကို အမှတ်ယူ အတန်းတင်ဖို့ လုပ်တယ်
Online Learning ရှိသင့်တာ မှန်တယ်
ဒါပေမယ့် ဒါကို အမှတ်ယူ အတန်းတင်ဖို့ မလုပ်သင့်ဘူးဆိုပြီး ထကန့်ကွက်ကြတာလူကြီးတွေထဲမှာတစ်ယောက်မှမရှိဘူး
ပါချုပ်တွေကအစ အလိုတူအလိုပါ
ဒါကဖြစ်သင့်တာပေါ့ဆိုပြီး
Carriculum တွေဆွဲလို့
ရခိုင်ကကလေးတွေ
နယ်ဘက်က ကလေးတွေ
ဖုန်းဘေလ်တောင်မတတ်နိုင်တဲ့ကလေးတွေအတွက်
ဘာစီစဥ်ထားလဲမေးတော့
ထွက်လာတဲ့လေသံက အခုထွက် လာတဲ့လေသံအတိုင်းပဲ
ဖုန်းဘေလ်လေးတော့ရှာနိုင်ရမှာပေါ့တဲ့
Unfair ဗျ မတရားဘူး
တစ်နေ့ထောင်ချီ ကုန်တဲ့ Zoom Lecture တွေတက်ဖို့
တစ်ကယ်မတတ်နိုင်တဲ့ကလေးတွေရှိတယ်
စီစဥ်ပေးရမယ်
မစီစဥ်ပေးနိုင်ရင် မစဥ်းစားပေးနိုင်ရင်
ဒါဟာတန်းတူညီမျှ ပညာရေးမဟုတ်တော့ဘူး
နောက်ဆုံး အငယ်တွေအကြီးအကျယ်ကန့်ကွက်ကြလို့
အမှတ်ယူအတန်းတင် မလုပ်တော့ဘူးဆိုပြီးလျောချသွားတာ
အဲ့အချိန်သာဒီစနစ် ဖြစ်ခဲ့ရင်
ရခိုင်က ကလေးက အော်တိုစာမေးပွဲကျမယ်
ဒါအမေစုလက်ထက် ပညာရေးဝန်ကြီးမွှေခဲ့တာ
အဲ့ခေတ်မှာတောင်မနည်းဝိုင်းပြောခဲ့ရတာနော်
ဆိုလိုတာက
အချို့ Conservative ကြီးတွေရဲ့ ဦးနှောက်ထဲမှာ
ပညာကို ရှာဖို့အတွက်ပိုက်ဆံမရှိခြင်းဟာ
အပြစ်တစ်ခု လို ဖြစ်နေတယ်
blame ဖို့ပဲ ကြုိးစားနေကြတယ်
ပိုက်ဆံလေးတောင်မရှာနိုင်ဘူးလားဆိုတဲ့
concept ကြီးအောက် မှာ မိနေကြတယ်
အောက်ခြေအထိ မစဥ်းစားပေးကြဘူး
ဒါတွေဟာအစဥ်အဆက်ဖြစ်ခဲ့ဘူးတယ်ဆိုတာလေးသိချင်ရုံပဲ
အခုကလေးတွေဘက် ပြန်လှည့်မယ်
မင်းမှာ Laptop မရှိဘူး
ကျောက်သင်ပုန်းမရှိဘူး
ဖုန်းမရှိဘူး
ဘေမရှိဘူး
ဒါပေမယ့်သင်ယူချင်စိတ်ရှိမယ်ဆိုရင်
အိမ်အလုပ်တွေလုပ်လို့ရမယ်
cooking ရှိမယ်
House Keeping ရှိမယ်
Electrical ရှိမယ်
Piping ရှိမယ်
Aircon ရှိမယ်
Bussiness ရှိမယ်
ဒါတွေကိုကိုလိုနီလိုရေးလို့သာ ကြီးကျယ်နေတာ
မြန်မာလို
ဟင်းချက် အိမ်အလုပ် မီးဆင် ရေပိုက်ဆက် အဲကွန်း
စျေးရောင်း ပေါ့
ဒါလေးတွေများလို့အထင်မသေးနဲ့
နိုင်ငံခြားမှာ ဒီပညာတတ်ချင်ရင်
certificate တစ်ခုရဖို့ ဒေါ်လာတစ်သောင်းလောက်ကုန်တယ်
အခုငွေစျေးနဲ့ဆိုရင် သိန်းတစ်ရာ့ခုနှစ်ဆယ်လောက်ရှိတယ်
ငါ့မှာ Utube မရှိဘူး ငါ့မှာ Tablet မရှိဘူး
ငါ့ကို Blame ေနတဲ့ကောင်တွေကြောင့်စိတ်ဓာတ်ကျနေတယ် ဆိုတာမျိုးမဖြစ်ရဘူး
မင်းပတ်ဝန်းကျင်မှာ မင်းအတွက်သင်ယူစရာတွေများတယ်
စစ်ပြေးနေရ ရင်တော့မဖြစ်နိုင်ဘူး
စစ်မဖြစ်နေဘူးဆိုရင်တော့
ဒီ Training တွေယူလို့ရတယ်
စျေးရောင်းကြည့်ပါ
communication skill တတ်လာမယ်
မိဘတွေအနေနဲ့လည်း ကလေးတွေကိုတစ်ခုခုသင်ယူခိုင်းလေ့လာခိုင်းထားလို့ရပါတယ်
ငါတို့မှ Utube ကြည့်ဖို့မတတ်နိုင်တာဆိုပြီး
ကြ က်သားမချက်နိုင်လို့ငုတ် တုတ်အငတ်မခံပါနဲ့
ကြ က်ဥကလည်း ဗိုက်ပြည့်ပါတယ်
ကလေးကိုလေ့လာသင်ယူစေပါ
အားပေးပါ
နွေးထွေးစွာကြိုဆိုပါ
တတ်နိုင်တဲ့မိဘက တတ်နိုင်သလောက်လုပ်ပေးနေသလို
မတတ်နိုင်တဲ့မိဘအတွက် လမ်းပိတ်နေတယ်ဆိုလည်းမရှိပါဘူး
ဝပ်လျော့အသိရှိရင်ပို့ထားပါ
စျေးရောင်းစရာရှိရင်စျေးရောင်းခိုင်းပါ
အဲကွန်းService အသိရှိရင် ပညာသင်ပို့ထားလိုက်ပါ
ဝရိန်ဆရာ ဆီလွှတ်ထားပါ
သံချည်သံကွေး သင်ခိုင်းပါ
ငါတို့က ငါတို့သားလေးဒါမျိုးခိုင်းစရာလားလို့မတွေးပါနဲ့
လူ့လောကနဲ့ လူ့ပတ်ဝန်းကျင်ကြား
သင်ယူစရာတွေပေးနေတယ်လို့ သဘောထားပါ
အနည်းဆုံးဒီကာလမှာ
အမေ့သား ကျောင်းသားလေး
ဟင်းတွေချက်တတ်လာတယ်ဆိုရင်
ဂုဏ်ယူလိုက်ပါ
Utube နိုင်ရင် Utube ကြည့်မှာပေါ့
Utube မနိုင်သေးရင်တော့ ဘာအရေးလဲ
စိတ်ဓာတ်ကျစရာမရှိပါဘူး
လောကကြီးက သင်သန်မာလာဖို့
ကူညီဖေးမခဲ့သလို
သင့်ကလေးသန်မာလာဖို့လည်း
ကူညီပေးဖို့ အဆင်သင့်ပါ
သန်မာခွင့်ပေးဖို့တော့လိုတာပေါ့
မေတ္တာဖြင့်
သေတ္တာ(ခေတ္တလူကောင်း)
Comments
Post a Comment