နိုင်ငံစီးပွားရေးကျဆင်းလာမှုရဲ့ သက်သေသာဓကတခု
နိုင်ငံတွင်း ကား တင်သွင်းခွင့် ပိတ်ပင်လိုက်ပြီ *********************** တိုင်းပြည်သည် စစ်အာဏာသိမ်းပြီး တနှစ်ကျော် အတွင်းမှာပင် နောက်ကို နှစ်ပေါင်း နှစ်ဆယ်ခန့် ပြန်ဆုတ် ယုတ်သွားသည့် လက္ခဏာ တရပ် အဖြစ် ပြည်ပ မှ ကား တင်သွင်းခွင့်ကို တရားဝင် ပိတ်ပင်လိုက်ပြီ ဖြစ်သည်။ စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းမှ မရှိမဖြစ် မလိုအပ်သော တင်သွင်းကုန်များ ဝယ်ယူခြင်းဖြင့် နိုင်ငံ ခြားငွေများ ယိုစီးမှုကို ကာကွယ်ရန် စနစ်တကျ စီမံခန့်ခွဲနေရသည် ဆိုကာ ကားများ တင်သွင်းမှုကို ပိတ် လိုက်သည်ဟု ၎င်းတို့ တပတ်တခါ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် အခမ်းအနားတွင် ပြောဆိုလိုက်သည်။ ဇော်မင်းထွန်းသည် ၎င်းတို့ လက်နက်ကိုင် အုပ်ချုပ်နေသည့် ကာလ အတွင်း စီးပွားရေး ဖရိုဖရဲ ဖြစ်လာနေမှုကို တနည်းအားဖြင့် ဝန်ခံလိုက်ရခြင်းပင် ဖြစ်သည်။ နယ်ခြားကုန်သွယ်ရေး အတွက် ယွမ် နှင့် ဘတ်ငွေ များ တရားဝင် သုံးစွဲရန် ခွင့်ပြုလိုက်ရပြီးလည်း ဖြစ်သည်။ သို့သော် ဓါတ်မြေဩဇာများ နှင့် အခြား လယ်ယာသုံးကုန် ပစ္စည်းများကို မူ တင်သွင်းရန် ခွင့်ပြု ထားခဲ့သည်။ ထိုသို့ ခွင့်ပြုချက်ရရန် ပို့ကုန်သမား များအနေနှင့် မိမိတို့၏ လျှောက်လွှာကို တပတ်တခါ ထိုင်သည့် အစည်း အဝေး...