ဖမ်းဆီးခံရလျှင် ပြုဖွယ် - ဆောင်ရန် ရှောင်ရန်
ရန်သူဖမ်းမိပါက လိုက်နာရန်အချက်များ (က) ရန်သူမသိသေးလျှင် မိမိသည် အဖွဲ့အစည်းမှ ဖြစ်ကြောင်း မပေါ်ပါ စေနှင့်။ (ခ) အဖွဲ့အစည်းရှိကြောင်း မပေါ်ပါစေနှင့်။ (ဂ) မိမိတို့လုပ်ငန်းကို မပေါ်ပါစေနှင့်။ (ဃ) အခြား ရဲဘော်များ ကို မဖော်ထုတ်ပါနှင့်၊ ဖုံးကွယ်ရန် တာ၀န်ရှိသည်။ စကား ကို အပို မပြောပါနှင့်၊ ပြောလည်းရ မပြောလည်းရ ကိစ္စမျိုး တွင်ပင် မပြော လိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။ သွေးပူနေစဉ် အရေးမကြီးဟု ထင်ကာ ဖော်ထုတ်လိုက်မိသော အချက်အလက် တခုသည် လိုက်၍မဆုံး သော သဲလွန်စတခု ဖြစ်နေတတ်သည်။ `ကိစ္စကြီး ဖုံးကွယ်ရန် ကိစ္စသေး ပေးလိုက်သည်´ ဟု ဆိုခြင်းသည် အဘက်ဘက်က ချင့်တွက်ပိုင်နိုင်ရန် အရေးကြီးသည်။ ဤနေရာတွင် ရဲဘော်များ ကြံ့ခိုင်ရန်၊ ယုတ္တိရှိရှိ ဆင်ခြေပေးနိုင်ရန် လိုအပ် သည်။ မာယာ များရပါမည်။ လက်တွေ့ရင်ဆိုင်ရာတွင် • ကြောက်ခြင်း၊ ထိတ်လန့်ပြာယာခတ်ခြင်းများကို ကျော်နင်းပါ။ • အခြေအနေ၊ အတိုင်းအတာကို ချင့်တွက်ပါ၊ (ရန်သူ မည်သည့်အရာများ သိထား သည်၊ မည်သည်ကို မသင်္ကာဖြစ်သည်၊ မည်သည်က အစပေါ်နေ သည်) • သဏ္ဍာန်ဆောင်ပါ (ကြောက်ဟန်၊ စိုးရိမ်ဟန်၊ ရိုးသားဟန်၊ ရိုကျိုးဟန်၊ မကျေ လည်ဟန် ~ စသည်ဖြင့်) • အပိုစကား မပြောပါနှင့် (နိုင်ငံရေး...